ကဗျာမလေး (၁၁)
အိပ်မက်လမ်းကို လျှောက်
မိတ်ကပ်ရွှမ်းလေးနဲ့
အိပ်မက်ဆန်းကလေး မက်ကြည့်တာပါ ။
ပန်းကလေးတစ်ပွင့်နဲ့
လမ်းကလေးကို ဖွင့်ကြည့်တော့
ပန်းကလေး .... ။
ငိုရာပါလာတဲ့ အခိုးအငွေ့လေးတွေနဲ့
မျက်ရည်ဆိုတာ ဒါကိုပြောတာလား ကဗျာ ၊
နှစ်မခြားတဲ့ အထစ်အဖျားကလေးပဲ
တို့ နုညံ့ခွင့်ရခဲ့ကြ
ဘ၀က
ဘယ်နေရာမှာ ပြန်စရမလဲဆိုပြီး
အတွေးနဲ့ မျက်နှာငယ်နေတယ် ကဗျာ ။
မတွေးတော့ဘူး
မဆွေးတော့ဘူး
အချစ်ကို ခေါင်းအုံးလေးအောက်ဖိပြီး
အိပ်စက်လိုက်ပါတော့မယ် ကဗျာ ။ ။
ကဗျာမ လေး ၁၂
ကဗျာ့ဆီမရောက်ဖြစ်တာ ကြာ
ကြာနဲ့ ကွဲကွာပြီးနောက်
မာယာညွတ်ကွင်းမှာ
ယင် တလောင်းလောင်း
ဘုရင်အဟောင်းက မာန်ထတောက်တယ် ကဗျာ ။
ဒီကမ်းစပ်လိုနဲ့
ဟိုမလာ ဒီမရောက် ရှုမျှော်ခင်းမှာ
ကြာ့ရဲ့ ဟားတိုက်သံတွေ ပါတယ်
ဒါကြောင့်
ကဗျာ့ကိုပဲ ရွေးလို့ ချစ်ခဲ့တယ် ။ ။
ကဗျာမ လေး ၁၃
သူကိုင် ထားတဲ့ခွက်လေး
နမ်းကြည့်
သနပ်ခါး ပါးပါးလေးတွေရမယ် ။
သူအော်လိုက်တဲ့ ဌာန် ကရိုဏ်း
နားထောင်ကြည့်
ပန်းနံ့ လေးတွေသင်းတယ် ။
သူ မကြည့်ရဲပါဘူး
မကြည့်ရဲပါဘူး
ကိုယ့်မျက်လုံးတွေစူးရှတယ် ။
ကဗျာမ လေး ၁၄
လေ သလပ်ခံထားရတဲ့ အစက လေး
မျက်လုံးထဲ စူးတယ် ။
အ ရောင် ဝါရွှေ ဆံစက လေး
မျက်လုံးထဲ ရူးတယ် ။
အ စောဆုံးနေ့ မှာ
ကဗျာမ လေး ရှက်သွေးဖြာတယ် ။
လွဏ်းသစ်မှူး
No comments:
Post a Comment