အခု ....
အပြုံးစိုစိုကို စောင့်စား
နှလုံးချိုချိုနဲ့ တည်ခင်းပါ့မယ် ။
ကြယ်ကလေးရေ ....
လထွက်ချိန် အမီရောက်ဖို့
ကောက်ကွေ့တဲ့ မြစ်တွေကို
ဖြတ်သန်းလာခဲ့ရသေးလား ။
အမုန်း စေရာ ကိုယ် မလိုက်ချင်ပါဘူး
အပြုံး ဝေကာမှ ကမ္ဘာဦးဂီတမို့
မို့ မို့ သနပ်ခါးလေးပဲ ဖို့ ထားပေးကွယ် ။
နေ ပျို့လာတဲ့ နံနက်ခင်းဆည်းဆာမှာ
ရောင်နီဝါပြာ ကောင်းကင်အောက်
စံပယ်ပန်းတွေ ပွင့်ဖူးကြသလိုမျိုး
အို ....
မင်းရဲ့ တည်မှု ဟန်ပန်ဟာ
ကိုယ် မျက်ရည်ကျရာ စမ်းချောင်းလေးပေါ့ ။
သဝေထိုး အ ၀စ္စနီ မှာ
ကိုယ့်ဒေသလေး ပါပါရစေ ၊
အဓိပ္ပာယ်မဲ့ စကားဆိုဖို့
နှစ်ချို့ပန်းသီးတွေ မလိုပါဘူး
ကပိုကရို အကြည့်လေးတွေကိုပဲ
ကိုယ့်အခန်းထဲ သိမ်းထားမယ် ။
ငြီးငွေ့လို့နေပြီလား
အချစ်ကို အားဆေးသွင်းဖို့
လိုနေတဲ့ အာနိသင်ဟာ
အပြုံးလေးပါ ယဉ် ။
အသည်းထဲ အေးကနဲ
ဖေးတွဲလို့ လက်ချင်းယှက်
နားလည်မှု အရည်ကြည်လေးတွေထဲ
နှစ်ကိုယ်တွဲ ကူးခတ်ချင်ပြီ ။
ခက်ပြီကွယ် ....
ည ဆို မမှောင်တတ်ခဲ့လို့
နေ့ ဆို မပူတတ်ခဲ့လို့
မင်း အရိပ်ပါးပါးလေးထဲ
တစ်ကိုယ်ထဲပဲ ခိုချင်တယ် ။
ကိုယ့်လက်မောင်းမှာ
ဘာ ဆူးမှ ခင်းမထားပါဘူး
မှေးစက်ချိန် လာ အုံး လှည့်ပေါ့ ။
ခံတပ်မရှိတဲ့ မြို့ရိုးဟာ ကိုယ်ပါ
ယဉ် ....
အကြင်နာတွေ ၀န်းရံစေပြီး
မေတ္တာ မိုးရည်ပေါက်လေးတွေ
ထွေထွေ သက်ဆင်းစေမယ့် မြစ် ။
အချစ် ..... အချစ်နဲ့
အော်လိုက်ကြ ဟစ်လိုက်ကြ
အဲဒီတောထဲမှာ
ကိုယ့် မျက်ဝန်းတွေ ပျောက်ရှသွား ။
ယဉ် ရယ် ....
ကိုယ့် နံရိုးတစ်ချောင်းနဲ့ ပတ်သက်ပြီး
မီးအိမ်ငယ်လေး ထွန်းညှိခဲ့ပါကွယ် ။
လွဏ်းသစ်မှူး
No comments:
Post a Comment