Friday, February 21, 2014
(လမင်း )
ကြယ်ကလေးရေ .....
မင်း အလှအပတစ်ခုအတွက်
စတေးခံလိုက်ရတာက လ ပါ ။
လမင်းရေ .....
မင်း နှလုံးသားမှာ ကိုယ်ရှိဖို့အတွက်
ကြိုးစားနေရတာ သွေးရဲ့ဂြိုဟ်လေးတစ်ခုပါ ။
ဒီလောက်ပါပဲ
ကိုယ် ချစ်တဲ့ သူတစ်ယောက်အတွက်
ဖြေသိမ့်ခြင်းလည်း ဖြစ်မယ် ၊
ယုယနွေးထွေးပြတာလည်း ဖြစ်မယ် ၊
အယူခံဝင်တာလည်း ဖြစ်တယ် ။
လမင်းရေ .....
မင်းကို ချစ်မိသွားတဲ့ အချိန်ကစ
မင်းကို လေးစားတာလည်း ပါသလို
မင်းကို နားလည်ထားတာလည်း ပါတယ်လေ ။
ထားလိုက်ပါအုံး ...
မင်း ထမ်းသယ်လာရတဲ့ ၀န်ပိုးကြီးကို ၊
ခဏ ချ
မင်း အမောပြေရေသောက်ဖို့ ကိုယ် ယူလာပါတယ်
မေတ္တာအေးအေး ကရုဏာနွေးနွေး ။
ဒီလောက်ပါပဲ ....
ကိုယ့်ဘက်က လုပ်ပေးနိုင်သမျှအတွက်
ကိုယ်ဖြည့်စည်းပေးချင်တဲ့ ဆန္ဒ ။
လမင်းရေ ....
မင်းဟာ မဟူရာထဲက အလင်း ၊
ရွှံဗွက်တွေထဲက ပတ္တမြား ၊
ချောင်းငယ်လေးထဲက ရွှေငါးဘုရင်မလေးပါ ။
ကြယ်ကလေးရေ ....
မင်းအတွက် အရာရာဟာ ပြောင်းလဲခဲ့မယ်ဆို
လမင်းကို မမေ့ပါနဲ့ ။
သွေးရေ .....
မင်းအတွက် အရာရာဟာ ပြောင်းလဲခဲ့တယ်ဆိုတာ
လမင်းကို အသိပေးလိုက်ပါ နော် ..... ။ ။
ကျေးဇူးတင်ပါတယ်
လွဏ်းသစ်မှူး
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment