Sunday, February 23, 2014
( မိုးဖွဲဖွဲကို သတိရတော့ သစ်ရွက်ခြောက်ကလေးက ထရယ်တယ် )
မိုးဖွဲဖွဲကို သတိရတော့ သစ်ရွက်ခြောက်ကလေးက ထရယ်တယ် ၊
ဘယ်နေရာ ဘယ်မြို့ပြတွေမှာဘဲ ရွာရွာ
ဘယ်ခေါင်မိုး ဘယ်ထီးပေါ်တွေဘဲ ရွာရွာ
ဘယ်သမံတလင်း ဘယ်မှန်ကင်းတွေဆီပဲ ဖြောက်ဖြောက်
ဘယ်ဆံပင် ဘယ်အမွေးတွေကိုပဲ စိုစို
မိုးကလေး အေးအေး ဖွေးပြတော့ သစ်ရွက်ခြောက်ကလေး ထရယ်တယ် ။
တနင်္ဂနွေ မုန်း
စနေ မုန်း
တနင်္လာ မုန်း
တနင်္ဂနွေ မုန်း
မုန်းခြင်းများစွာနဲ့ ဘယ်လိုမုန်း
နှာခေါင်းဝက မုန်တိုင်းနဲ့ မုန်း
မျက်လုံး ကမ္ဘာကျယ်သရွေ့ မုန်း
နှုတ်ခမ်းကိုက်ရာ ရာထောင်ချီ မုန်း
မုန်း မုန်း မုန်း
မုန်းကြောင်းဖန်လာလို့ မုန်း
မုန်းသင့်လို့ မုန်း
မုန်းခံစေချင်လို့ မုန်း
မုန်းဆယ်ကမ္ဘာထက်ပိုချင်လို့ မုန်း
မုန်း မုန်း မုန်း
မုန်းကြောင်း မုန်းကျိုး
မုန်းကောင်း မုန်းဆိုး
မုန်းဟောင်း မုန်းပျို
မုန်းအို မုန်းငယ်
မုန်းအသွယ်သွယ်နဲ မုန်း
တစ်ခါတလေ ....
မိုးဖွဲဖွဲကိုသတိရတော့ သစ်ရွက်ခြောက်ကလေး ထရယ်တယ် ။
အစိမ်း အနီ
အ၀ါ အပြာ
အညှာ အခက်တွေကို
လှည်းကျိုးထမ်းမိသလိုမျိုး ၊
ခရမ်း အညို
မီးခိုး မိုးပြာ
အညှာ အခက်တွေကို
ပန်းကလေးတစ်ပွင့်လို နမ်းရှိုက်မိသလိုမျိုး ၊
ဆူးနွယ်တွေရဲ့ ရိုက်ချက်နဲ့
အလျှိုးရာတွေက တသသ လုပ်မိတော့လေ ....
မိုးဖွဲဖွဲကိုသတိရတော့ သစ်ရွက်ခြောက်ကလေး ထရယ်တယ် ။
မိုးညို အလာကိုမျှော်တကြည့်ကြည့်
မိုးစိုချင်တဲ့ လက်ကလေးနဲ့
မိုးခိုချင်တဲ့ ကြောင်ဝါ၀ါကလေး
ထထ ရယ်တတ်တဲ့ သစ်ရွက်ခြောက်ကလေးကို
အကြိမ်ကြိမ် သတ်လိုက်ကြတော့ ....
သစ်ရွက်ခြောက်ကလေး ထရယ်တယ် ။ ။
ကျေးဇူးတင်ပါတယ်
လွဏ်းသစ်မှူး
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment