အခုထိ ရှိနေတုန်း စကားလုံးများ ..... ။
သူတို့ပြောသွားကြတယ် ၊ သူတို့ ပြောခဲ့ကြတယ်
ခဏ .... ကျုပ်လည်းပြောချင်တယ်
မပြောခင် ကနဦးအခင်းလေး ခင်းပါရစေ ၊
ဒီမယ် ....
သူတို့ပြောခဲ့တဲ့စကားလုံးတွေကို
ကိုယ့်မြို့ပြအတွက် ကိုယ့်ထီးနန်းအတွက်
ကိုယ်ကျိုးစွန့်လို့
အစားမရှောင် ၊ ကားမရှောင်
ဘောင်တွေမရှောင် ၊ ထောင်တွေမရှောင်
ကလေးမရှောင် ၊ ခွေးမရှောင်
တရုတ်လည်းမရှောင် ၊ ကုလားလည်း မရှောင်
ဘယ်ဘာသာ ဘယ်လူမျိုး “ဟိုးထားပဲ”ဆိုပြီး
ကပ်ကပ်လန် လုံချည်ကွင်းတောင် သိုင်းခဲ့သေး
ဒါ ဒို့ဘိုးဘေးလက်ထဲမှာကတည်းက ရှိရင်းစွဲစစ်မြေပြင် ၊
သင့်မှာကော တာဝန်ကျေပွန်စိတ် ရှိပါသလား ?
ကဲ .... စပါပြီ ၊
ဆရာဝံသ ကောင်းရာသုဂတိ လားမယ်
ဆရာမင်းလူ ပါရမီဓာတ်ခံတွေ ပါသွားတယ်
တစ်ခုတော့ တွေးမိပါရဲ့
သူတို့အပေါ်ချစ်တဲ့ သူတို့စိတ်က
သူတို့ကဗျာအပေါ်ချစ်တဲ့စိတ်လောက်
ဖောက်လွဲဖောက်ပြန်မဖြစ်ဘူး
ကဗျာဟာ နှလုံးသားထဲမှာ ကျောက်ထွင်းအက္ခရာ ။
“အန္တိမ အဆုံးသတ်ခြင်းမှာ သေခြင်းတရား”
လမ်းမီးက မှိန်လျက်က မှိန်လျက်ပဲလေ
ဒါကို လင်းထိန်သွားစေဖို့
တတ်စွမ်းသလောက် ကြိုးစားခဲ့ကြတဲ့သူတွေပါ
အလေးအနက် ရေးသားတဲ့ ဒီကဗျာမှာ
ကျုပ်ဟာ နွား ၊ ခင်ဗျားလည်း နွား
ကိုယ့်မြို့ပြအတွက် ကိုယ့်ထီးနန်းအတွက်
ကျုပ်ဟာ နွား ၊ ခင်ဗျားလည်း နွား
နွားရဲ့ လဘို့ဟာ ဒီတိုင်း ဒီပြည်အတွက်ပဲဆိုတာ ...... ။ ။
လွဏ်းသစ်မှူး
No comments:
Post a Comment