ခဏလောက် တုံးလုံးလှဲကြည့်ကြရအောင်
သူ့မျက်နှာ ကိုယ့်မျက်နှာ တစ်ထေရာတည်းမဟုတ်ပေမယ့်
တစ်ထေရာတည်း
အတိတ်ကို ပိုက်ဆံအပြဲ လိုက်လဲသူလို ဘာတွေလဲတယ် ဘာတွေလဲတယ်
ရှာရဖွေရအခက်သားမို့
ဒို့ ဒို့တတွေ အမြဲသတိရှိရတော့မယ် ၊
တည်ပင်အောက် ဇယ်တောက်ရင်း
ဗံဒါသီးလေးတွေ ထုစားလို့
တုံးလုံးပက်လက်လှဲခဲ့ကြတာတွေ သတိရတိုင်း
လက်နှစ်ဖက်က ခွင်ထဲမှာ
ဒါဟာ ရင့်ကျက်မှုရဲ့ သင်္ကေတတွေပဲ
မဟုတ်ဘူးလား ၊
ဟုတ်တယ် ၊
ဘ၀ရဲ့ အရပ်ပေတွေမြင့်သွားတိုင်း
ရှင်သန်ရမယ့်ရက်တွေ တိုတိုတောင်းသွားတာ
ဒါ နိယာမ ။
ဥပါဒါန် နဲ့ တဏှာ မတူတာချင်းအတူတူ
လူတော့ လုပ်မနေချင်တော့ဘူး
ရဟန်းဝတ် ဘောင်သွင်းပြီး
တောထွက် တရားထိုင်တာပဲ ကောင်းတယ် ၊
မဟုတ်ဘူးလား ၊
မဟုတ်ဘူး ၊
ဘ၀ရဲ့ အရပ်ပေ အမြင့်တွေက
ဥပါဒါန် နဲ့ အ၀ိဇ္ဇာတွေပေါ်မှာ မှီခိုတယ်
တိတ် တိတ် တိတ်
တိတ်ဆိတ်စွာ နေပေးကြပါရန် မေတ္တာရပ်ခံ
တိတ် တိတ် တိတ်
တိတ်လိုက်တော့ ဆရာ ၊
ခင်ဗျားစကားတွေက စည်းလွတ်ဝါးလွတ်ဖြစ်နေပြီ
တတ်နိုင်ရင် တရားကို နည်းနည်းလျှော့်
အမှားကို နည်းနည်းလျှော့်
ဒါဆို လူကောင်းလူမွန်ဖြစ်ပြီ ။
သိပ် ထူးဆန်းမနေတော့တဲ့ ဒီပင်လယ်မှာ
သူတို့ရယ် ကိုယ်တို့ရယ် .......... ။ ။
လွဏ်းသစ်မှူး
No comments:
Post a Comment