ဘယ်နေရောင်က ဘယ်လိုဖြစ်သွားတယ် ၊ ဘယ်နေရောင်က ဘယ်လိုပူသွားတယ် ၊
ဘယ်နေရောင်က ဘယ်လိုမှောင်သွားတယ် .... ။
ပြောတဲ့စကားမှာ ဂေါက်နေတာတွေပါမှာ ၊ သေချာလား ၊ မသေချာဘူး ။
အ၀တ်စလေးတွေ လှန်းထားတာတွေ့တော့ ကိုယ့်အမေရဲ့ အပြုံးလေးများ ပါလာမလားလို့ ၊
တံတားတွေထိုင်ဆောက်နေတာတွေ့တော့
မိုနိုပိုလီဆော့နေတဲ့ကလေးတွေတွေ
ကစဥ့်ကလျား အဖြူရောင်တွေထဲမှာ စက်ပစ္စည်းတွေကြားက ဖုန်လုံးကြီးတွေပါတယ် ၊
နင့်နင့်နဲနဲ ကူးခတ်လာရတဲ့ လမ်းမှာ ငါးတွေသေပြတယ် ၊
ဘယ်မှာလဲ ချမ်းသာခြင်းအစစ်အမှန် ၊ မဟုတ်ဘူး ၊ အစစ် နဲ့ အမှန် မဟုတ်ဘူး
စိတ်တွင်းထဲမှာဖြစ်နေတဲ့စစ်က ကိုယ်တွင်းထဲကစစ်လို သာသာယာယာလေးမဟုတ်ဘူး
ပေးခဲ့တဲ့ သူ့ရဲ့ဆန္ဒ တစ်ချို့တစ်ဝက် ထားလိုက် ၊ ဆယ်ပုံ ပုံ တစ်ပုံလောက်တော့ လုပ်ကြည့်ရအောင်လား ၊
တစ်ကိုယ်တည်းအတွက် ထားလိုက် ၊ မင်ဒဲလားကို အတုယူကြည့်ရအောင်လား ၊
ဖင်ကားအောင် လုပ် လို့လည်း မတိုက်တွန်းဘူး ၊ ကိုယ့်ချွေးကိုယ်ပြန်သုတ်နိုင်ရ
family အတွက်ပဲ စဉ်းစားကြသူတွေချည်းထဲမှာ နည်းနည်းလေးပိုပေးလို့မရကြဘူးလာ
မှားတယ် ၊ ကိုယ့်ထွက်ဆိုချက်ဟာ တကယ်တန်းကျတော့ ၂0ရာခိုင်နှုန်းပဲရှိတာပါ ၊
ကိုယ့်အတွက်အချက်တွေ memory မမှန်တော့ဘူး ၊ ဟုတ်တယ် ၊ မဟုတ်တော့ဘူး
ကိုယ့် calculator က နေရောင်ခြည်အား လိုအပ်ချက်နဲ့ ၊ မဟုတ်တော့ဘူး
ညမိုးချုပ်ရင် မျက်လုံးတွေမှေးစင်းပြီး မနက်မိုးလင်းရင် အစာအတွက် ဥိးစားပေးခဲ့တဲ့ရက်တွေကို
နည်းနည်းလောက် မိတ္တူချဲ့ကြည့်ရအောင် ၊
ခင်ဗျားနဲ့ ကျွန်တော်ဟာ ကမ္ဘာကြီးကို ဂွမ်းစလေးတစ်စလို သဘောထားတဲ့လူပေါ့ ။ ။
လွဏ်းသစ်မှူး
No comments:
Post a Comment