Sunday, February 23, 2014

.....

ငါ့ကို တူးဆွသွားတာ ဘယ်သူလဲ

သူ့ ကို လိုက်ရှာပေးပါ ၊

သူ့ နှလုံးသားမှာ ငါရှိနေသေးမှန်း

ငါသိလိုက်တယ် ....

ငါ့ကို တူးဆွသွားတယ်လေ ။

ဘယ်ဂြိုဟ် ဘယ်ဥက္ကာပျံတွေပေါ်မှာပဲရှိရှိ

သူ့ ကို ကူရှာပေးကြပါ ... ။

ငါ့ရဲ့ ရွှံ့ ဗွက်ကလေး အနည်ထိုင်နေကာစကို

သူ လှုပ်နှိုးသွားတယ် ၊

ငါ ဘယ်လိုအသက်ရှူရမလဲ

ဘယ်ဝဋ်ကြွေးတွေ ဘယ်လောက်ရှိရှိ

ငါ့နှလုံးသားကို ထပ်ခါထပ်ခါ သစ်ပြပါ့မယ်

ကျေးဇူးပြုပြီး ..... ။ ။

လွဏ်းသစ်မှူး

No comments:

Post a Comment