( ဗလာ )
ချိုင့်ခွက်ထဲကို ကျောက်စလစ်တွေထည့်
ချိုင့်ခွက်ထဲကို ကတ္တရာအရည်ပူတွေ လောင်း
ချိုင့်ခွက်ထဲကို အမှိုက်သရိုက်တွေ ဖို့
ဗလာ .... ။
အသိဥာဏ်ထဲကို ချစ်ခြင်းတွေထည့်
အသိဥာဏ်ထဲကို ၀မ်းနည်းပူဆွေးခြင်းတွေ လောင်း
အသိဥာဏ်ထဲကို စိတ်ရှုပ်ထွေမှုတွေ ဖို့
ဗလာ .... ။
နိုင်ငံထဲကို ဘာသာပေါင်းစုံထည့်
နိုင်ငံထဲကို အုံကြွမှုတွေ လောင်း
နိုင်ငံထဲကို အပြစ်အနာအဆာတွေ ဖို့
ဗလာ .... ။
လောကကြီးကို ဗလာလို့ မြင်ကြည့်
ဗလာတွေပဲ တွေ့မယ် .....
ဗလာ ...... ။ ။
လွဏ်းသစ်မှူး
No comments:
Post a Comment