သွေး ၊ ဒီကောင်မလေးကို စိတ်ဝင်စားသွားပြီ ။
ဖြူဖြူဖွေးဖွေး ၊ သွယ်တန်းနွဲ့လျ ၊ အရပ်အမြင့်ကလည်း သွေးနဲ့ မပိုမလိုကလေး ။
ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကိုပါ တွေ့ရတတ်တဲ့ ကောင်မလေး .... ၊
ဒီကောင်မလေးကို အတိအကျ မသိဘူး ၊ ဘယ်ကလာလို့ ဘယ်ကိုသွားခဲ့သလဲ ၊ သွေးရဲ့ အိန်ဂျယ်လေးအဖြစ် ပလာစတာကပ်လိုက်ရတော့မလား ။
မေ၀၀ါးချင်စိတ်နဲ့ဘဲ ကောင်မလေးအပေါ် စိတ်ဝင်စားမိတဲ့နှလုံးသားက တုန်တုန်ခါခါ ။
ဆောင်းတွင်းကြီးမှာမှ မလာသင့်တဲ့မိုးက ၀င်ပြီး ဖွဲနေတော့
သွေးရဲ့သွေးကြောတွေထဲမှာ ဒီကောင်မလေးရဲ့ ဂါဝန်စကလေးတွေက ၀ဲပြန့်လို့ ။ သွေး
အသက်ရှူသံတွေတောင် ဘယ်ယိမ်း ညာယိမ်းနဲ့ ၊ သိမ်းတောင်ထားချင်မိတယ် ။
နောက်တစ်ခါ တွေ့ချင်မိတဲ့ ဥပါဒါန်အစွဲအလမ်းနဲ့ သွေး ဒီကောင်မလေးကို
ရှာပုံတော်ဖွင့် ၊ အလျင်းသင့်ရင် သင့်သလို ချစ်ကြောင်း နစ်ကြောင်း
မေတ္တာသက်ဝင်မိကြောင်း သ၀ဏ်လွှာလေး ပို့လိုက်မယ် ။
ဒီကောင်မလေး ...... သွေးနဲ့ ဆုံပါရစေတော့
သွေးရဲ့အိန်ဂျယ်လေးကို ရင်ခွင်ထဲ ထွေးဖက်ထားပါရစေတော့လား .... ကံကြမ္မာကြီးရယ် ။ ။
လွဏ်းသစ်မှူး
No comments:
Post a Comment