Monday, December 9, 2013
%%% ကျွံကျသွားသလား အမေ %%%
၁။
ကောင်လေးတစ်ယောက် ပန်းချီဆွဲနေတယ် ....
ညာဘက်လက်မှာ စုတ်တံလေးကိုင်လို့
လက်မနဲ့လက်ညှိုး အားပါပါဖိကပ်
သူ့ပါးပြင်ပေါ်က မျက်ရည်တွေ
သူကိုယ်တိုင် ရေးဆွဲနေတယ် အမေ ။
၂။
အဲဒီ ကျုံးဘေးမှာပေါ့ ....
သူ့လက်ထဲက ပန်းကုံးလေးတွေနဲ့
သူ့ပါးစပ်က ရွတ်ပြတဲ့ ညီညီမလေးတွေအကြောင်း
ဘယ်သူကမှ အရေးမလုပ်ခဲ့ကြဘူး အမေ ။
၃။
ကျန်စစ်သားရဲ့ခြေရာ နံဘေးမှာ
ကုတ်ကုတ်ကလေးထိုင်လို့
နေ့လည်စာ ထမင်းထုပ်ကလေးက
သူ့ ညီ ညီမလေးတွေအတွက်တဲ့ ၊
သူသွားရာလမ်းတစ်လျှောက်လုံး
သူ့အဖုံးအကာတွေပဲ ၊
သူများကလေးတွေမြင်တိုင်း
အားမကျတတ်တော့တဲ့ စိတ်နဲ့
ညီ ညီမလေးတွေ ကျောင်းတက်စေချင်ခဲ့
အဲဒီစိတ်နဲ့ပဲ ဒီတောထဲကနေ မထွက်ဖြစ်ခဲ့ဘူးတဲ့ အမေ ။
၎။
ကလေးတွေ ကျောင်းတက်နိုင်ပါစေ ....
ကလေးတွေ ၀ဖြိုးနိုင်ပါစေ ....
ကလေးတွေ မိဘစုံလင်စေ .... ။
၅။
အဲဒီစကားတွေက အဲဒီကလေးပြောနေတာလေ
ကြားလိုက်လား ၊ ကြားလိုက်ရဲ့လား
စို့နင့်အက်ကွဲသံနဲ့ သူ့ရဲ့ပန်းကုံးလေးမှာ
မျက်ရည်တွေ တွဲလဲခိုလို့
မပြီးဆုံးနိုင်သေးဘူး အမေ ။
၆။
ကျွံကျသွားသလား အမေ
သူ့အသံတွေထဲမှာ ကျွံကျသွားသလား
အမေ့ရဲ့ မေတ္တာစိတ်နဲ့ ပွတ်သပ်ပေးပါ
အမေ့ရဲ့ ကရုဏာစိတ်နဲ့ ပြုံးပြပေးပါ
အမေ့ရဲ့ အကြင်နာတရားနဲ့ လင်းချင်းလို့ပေးပါလား အမေ ။ ။
(လမ်းဘေးကလေးငယ်များထံမှ သိခဲ့ရတဲ့ အတွေ့အကြုံလေး ......
ကဗျာအဖြစ်နဲ့ သွန်ချပြလိုက်မိတယ်ဗျာ ၊ မုဒိတာပွားနိုင် ၊ ဥပမာထားနိုင်ကြပါစေ ။ )
လွဏ်းသစ်မှူး
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment